မြစ်သား ဒီဇင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုး ရာသီကဒေသအတွင်း ဆန်စပါးဖူလုံပိုလျှံရေးအတွက် ဆည်ရေသောက်စနစ်ကို အဓိကအားထားပြီး ဒေသနှင့်ကိုက်ညီသည့် ဧရာမင်း၊ မနော်သုခ၊ ရွှေမနော်၊ အောင်နိုင်တိုး၊ GW-11 စသည့် မိုးစပါးမျိုးများစိုက်ပျိုးခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ၁,၀၉၂၂ ဧကထိ ရိတ်သိမ်းပြီးစီး ပြီဖြစ်ကာ တစ်ဧကလျှင် ၉၈ ဒသမ ၂၃ တင်းနှုန်း ထွက်ရှိ၍ စပါးတင်းစုစုပေါင်း ၁၀၇၂၈၆၈တင်း ထွက် ရှိကြောင်း မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ဒီနှစ်မိုးသီးနှံစိုက်ပျိုးရာသီက မြစ်သားမြို့နယ်အတွင်း စပါး ၅,၅၄၈၅ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့စပါးခင်းတွေကိုလက် ရှိမှာရိတ်သိမ်းခြွေလှေ့နေကြပြီး ဒီနေ့ထိ ၁,၀၉၂၂ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပါတယ်။ စပါးစိုက်ပျိုးတာနဲ့ပတ်သက်ပြီး တစ်နှစ် ထက်တစ်နှစ်အထွက်နှုန်း တွေတိုးတက်အောင် လိုအပ်တဲ့စိုက်ပျိုးရေးနည်းပညာ၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ သီးနှံဖျက်ပိုးရောဂါ ကင်းရှင်းရေးစတဲ့လုပ်ငန်းများကို တောင်သူတွေနဲ့ပူးပေါင်း ဆောင်ရွက်ပါတယ်။ စပါးအချိန်မီစိုက်ပျိုး နိုင်ဖို့အတွက် စိုက်ပျိုးရေလုံလောက်စွာရရှိအောင်၊ စိုက်ပျိုးပြီးချိန်မှာလဲ သီးနှံအောင်ရေအပြည့်အဝရရှိ အောင်သက်ဆိုင်ရာစပ်ဆက်ဌာနများနဲ့ပူးပေါင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပါတယ်"ဟု မြစ်သားမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ပြောပြသည်။
မြစ်သားမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးတောင် သူများကို စိုက်ဧကမျာတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် စိုက်နည်းစနစ်များမှန်ကန်ရေး၊ စိုက်ပင်အရေအတွက်ပြည့်မီရေး၊ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေး၊ မြေဩဇာနှင့်သွင်းအားစုများ ယခုနှစ်မိုးစပါး ပိုးမွှားရောဂါကင်းရှင်းရေးစသည့်လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ်၌ ၂၀၂၅-၂၀၂၆ မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှု မျိုးကွဲအလိုက်ကိုယ်စားပြုရိပ်သိမ်းဧရိ ယာများ၏ ကောင်း၊ သင့်၊ ညံ့ ဟူ၍ ၃ မျိုးခွဲပြီး ရိတ်သိမ်းခဲ့ရာ (ကောင်း) စပါးတစ်ဧကပျမ်းမျှ အထွက်နှုန်း ၁၁၀ ဒသမ ၀၄ တင်း၊ (သင့်) စပါးတစ်ဧကပျမ်းမျှ အထွက်နှုန်း ၉၀ ဒသမ ၂၃ တင်း၊ (ညံ့) စပါးတစ် ဧကပျမ်းမျှအထွက်နှုန်း ၇၉ဒသမ၂၂ တင်း ထွက်ရှိကြောင်းနှင့် စပါးကို အထွက်နှုန်းတိုးတက်အောင်စိုက် ပျိုးနိုင်ပါကဒေသတွင်းစားသုံးမှုကို ဖူလုံနိုင်မည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများမြင့်မားတိုးတက်လာနိုင်မည်ဖြစ်ရာ စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ပြောပြ၍သိရသည်။
ဝါဝါမြင့် (မြစ်သား)