ဒေါပုံမြို့နယ်၌ အခွန်ဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

ဒေါပုံ ဒီဇင်ဘာလ ၂၄

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တည်ဆဲအခွန် ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒေါပုံမြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးကျော်မျိုးထွေးက အခွန်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက အခွန်ထမ်းခြင်းဆိုင်ရာများနှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ တာ၀န်ရှိသူများက ဖြေကြားခဲ့ကြပါသည်။ အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များ စုစုပေါင်း ၇၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)