ညောင်ဦးမြို့နယ်၌ သောက်သုံးရေလှူဒါန်း

ညောင်ဦး ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ သောက်သုံးရေ လိုအပ်လျက်ရှိသော တောင်ဇင်းအုပ်စု၊ စံပြကျေးရွာ၊ ဂွေးပင်ဥကျေးရွာသို့ ဝေမျှခြင်းပရဟိတမိသားစု (ရန်ကုန်) က ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျှက်ရှိသော ကျေးရွာများ/တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ လှူဒါန်းပေးလျက်ရှိရာ စံပြကျေးရွာ၊ ဂွေးပင်ဥတဲတိုက်သို့ သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်း ဦးဝင်းမင်းထွန်းက ပြောကြား၍သိရသည်။

ဝေမျှခြင်းပရဟိတမိသားစု (ရန်ကုန်) မှ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကျေးရွာများ၊ တဲတိုက်များက သောက်သုံးရေလိုအပ်သည့်အချိန်တိုင်း ကျေးရွာများအရောက် သွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း