တံတား ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်၍ ရပ်ကွက် / ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အဆိုပါတတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ဒီဇင်ဘာလ (၂၄) ရက်နေ့မှ ဇန်နဝါရီလ(၅) ရက်နေ့အထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး မိမိတို့အမည်စာရင်းပါရှိခြင်း ရှိ/မရှိ၊ အမည်မပါသူများ၊ အချက်အလက်များ မှားယွင်းနေသူများကို ပုံစံ (၁) ဖြင့် ပြန်လည်ဖြည့်သွင်းပေးထားပြီး ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံခွဲများတွင် ထပ်မံဖြည့်သွင်းဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါတတိယအကြိမ် ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံခွဲများတွင် ကပ်ထားကြေညာမှုကို သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၄) ရပ်ကွက်များ၏ အုပ်ချုပ်ရေးမှူးရုံးများတွင် ဆက်လက်ကပ်ထားလျက်ရှိကြောင်း သိရသည်။
လှိုက်သူဇာ (ပြန်/ဆက်)