နေပြည်တော် ဒီဇင်ဘာ ၂၄
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက်တပ်ဆင်ဆောင်ရွက်နေမှုအား ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ကြည့်ရှုအားပေးရာတွင် နေပြည်တော်ကောင်စီဝင် အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးရဲမိုးက ဇမ္ဗူသီရိ မြို့နယ်အတွင်းရှိအမှတ် (၁၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၄၀)အခြေခံပညာမူလတန်းလွန်ကျောင်းတို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံမှုရှိရေး၊ မဲရုံများသို့မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ထားရှိမှု၊ ကြိုတင်မဲပုံးများထုတ်ယူထားရှိမှုအခြေအနေ၊ မဲရုံများပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက်တပ်ဆင်ဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြကြောင်း သိရှိရသည်။
နီလာ(ပြန်/ဆက်)