တိုက်ကြီးမြို့နယ်၌ တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

တိုက်ကြီး ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများအား တတိယအကြိမ်အဖြစ် ယနေ့ညနေပိုင်းမှစ၍ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများ လာရောက်ကြည့်ရှုနေမှုအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဗောဓိကုန်းရပ်ကွက်၊ အင်းကုလားရပ်ကွက်၊ မင်္ဂလာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင် တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာထားမှုကို လာရောက်ကြည့်ရှုနေသည့် ပြည်သူများအား တွေ့ဆုံနှုတ်ဆက်ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)