သာကေတ ဒီဇင်ဘာ ၂၄
သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ကြီးမှူး၍ စေတီတော်မြတ်ကြီးအား စတုတ္ထုအကြိမ် ရွှေသင်္ကန်းကပ်လှူရန်အတွက် စတုတ္ထအကြိမ် အလှူငွေပေးအပ်ခြင်းကို ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီက ကျင်းပရာသြဝါဒဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ၊ လူမှုရေးရာဝန်ကြီးနှင့် ဖိတ်ကြားထားသည့် အလှုရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သာကေတမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဂ္ဂမဟာဂန္ထဝါစပဏ္ဍိတ၊ သာသနတက္ကသီလဓမ္မာစရိယ B.A ဘဒ္ဒန္တ သောဘန (အောင်မော်စံကျောင်းတိုက်) ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ဇိနမာရ်အောင်စေတီတော်စတုတ္ထအကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ဦးစီးကော်မတီနာယက ဦးဋ္ဌေးအောင်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။ ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကသြဝါဒကထာမြွက်ကြားသည်။
ဆက်လက်၍ စေတီတော်လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန် စတုတ္ထအကြိမ်မြောက် အလှူငွေများ ပေးအပ်လှူဒါန်းရာ လူမှုရေးရာဝန်ကြီး ဦးဋ္ဌေးအောင်နှင့် ဇနီး ဒေါ်ဝါဝါမင်းမိသားစုက ငွေကျပ် သိန်း ၉၀ ၊ ဦးလှဒေါင်း + ဒေါ်ဆန်းဆန်းမြင့် မိသားစုက သိန်း ၄၀၊ ဦးခင်မြင့် + ဒေါ်တင်တင်ရီ မိသားစုက သိန်း ၄၀၊ ဦးညွန့်ဝင်း + ဒေါ်ရီရီလွင် မိသားစုက သိန်း ၄၀၊ ဦးအောင်ကျော်သူ + ဒေါ်နန်းမြတ်သူ မိသားစုက သိန်း ၄၀၊ ဦးအောင်စေသော် သား မောင်သာယာစေသော် မိသားစုက သိန်း ၄၀၊ ဦးတိုးလင်း+ဒေါ်လွင်မိသားစုက သိန်း ၄၀၊ ဦးအောင်အောင်+ဒေါ်ဆုဖြိုးအောင်မိသားစုက သိန်း ၄၀၊ ဦးကွန်းဇော်ထက် + ဒေါ်နွယ်နွယ်ဝင်း မိသားစုက သိန်း ၁၀၀၊ ဦးအောင်မင်း + ဒေါ်ဖွားမေ မိသားစုက ၁၅ သိန်း၊ ဦးသောင်းဋ္ဌေး+ဒေါ်အေးသန္တာ မိသားစုက သိန်း ၁၀၀၊ ဒေါ်ဝင်းသူဇာတင်မောင် မိသားစုက ၁၀ သိန်း၊ ဦးဇော်လွင်ဦး (လူငယ်စင်တာ) က ၁၀ သိန်း၊ မိုးပြည့်စုံ ပုံနှိပ်တိုက်က ၅၆ သိန်း၊ ဆရာဦးစိုးအောင်က ၁၀ သိန်း၊ ဒေါ်ခင်အေးက ၁၀ သိန်း စုစုပေါင်း ၆၈၁ သိန်းနှင့် (၇) ရက် သားသမီးအလှူရှင်များက ၆၄၉ သိန်း စုစုပေါင်း ၁၃၃၀ သိန်းတို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
သဲထက်ဇင် (ပြန်/ဆက်)