ကျောက်တံတား ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၏ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ တည်ဆဲဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကျောက်တံတားမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာများနှင့် ပြေစာအမှတ်တံဆိပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ အခွန်ပညာပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့နံနက်ပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးခန်းမ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်စုကအခွန်ဆိုင်ရာ သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားပြီးနောက် ဦးစီးအရာရှိ ဦးထွန်းလင်းထွဋ်က ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးသည်။
အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခွန်ထမ်းဦးရေ (၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)