ကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲ (ခ) အုပ်စု အသင်းလိုက်ပထမဆုနှင့် ကျိုင်းစွမ်းရည်ပထမဆုရ အ.ထ.က (၁) တွံတေးဘင်ခရာအဖွဲ့အား ဂုဏ်ပြုပွဲကျင်းပ

တွံတေး ဒီဇင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲ (ခ) အုပ်စုအသင်းလိုက် ပထမဆုနှင့် ကျိုင်းစွမ်းရည်ပထမဆုရ အ.ထ.က (၁) တွံတေးဘင်ခရာအဖွဲ့အား ဂုဏ်ပြုပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က (၁) တွံတေး၊ ယုဇနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အ.ထ.က (၁) တွံတေး ဘင်ခရာမောင်မယ်များက" မြတ်ဆရာ" သီချင်းတီးမှုတ်၍ သီဆိုဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ တွံတေးခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့သည်။ ယင်းနောက် အလှူရှင်များ၊ နည်းပြဆရာများနှင့် ဆုရရှိသော ဘင်ခရာအဖွဲ့ဝင်များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီမြှင့်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသူများနှင့် ဘင်ခရာအဖွဲ့ဝင်များ စာပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်းသိရသည်။ ယင်းနောက် အ.ထ.က (၁) ဘင်ခရာအဖွဲ့ တာဝန်ခံ ဆရာဒေါ်စန်းစန်းဋ္ဌေးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အ.ထ.က (၁) တွံတေးဘင်ခရာအဖွဲ့က "တောင်ယာဝင်ချိန်" သီချင်းဖြင့် သီဆိုတီးမှုတ်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မျိုးလှိုင်