သန်လျင်မြို့ လူထုအခြေပြုဗဟိုဌာန၌ ရုံးစာရေးသားနည်းသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၂

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး (သန်လျင်) မှ ကြီးမှူးဖွင့်လှစ်သာ ရုံးစာရေးသားနည်းသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် (၁၀) နာရီတွင် သန်လျင်မြို့ရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှပိုမိုက ဦးစီးဌာန၏ရုံးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေး၊ အချိန်မီပေးပို့ရသော ဝင်စာ /ထွက်စာများ စနစ်တကျရှိရေး၊ ဝန်ထမ်းတစ်ဦချင်းစီ၏ ကိုင်တွယ်ဆောင်ရွက်ရသော ရုံးလုပ်ငန်းများ ပီပီပြင်ပြင်ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ လက်တွေ့နယ်ပယ်တွင် ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေး ကြိုးစားသင်ယူသွားရန် ဆွေးနွေးမှာကြားခဲ့ပြီး ရုံးလုပ်ငန်းသဘောတရားများ ဘာသာရပ်အား ဆက်လက်သင်ကြားပို့ချခဲ့သည်။

ထို့နောက် ဝင်စာ/ထွက်စာများ အရေးယူဆောင်ရွက်ခြင်း ဘာသာရပ်ကို ဒလမြို့နယ် ဦးစီးအရာရှိ ဒေါ်သီတာဝင်းမှလည်းကောင်း၊ စာရွက်စာတမ်းများ လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်းဘာသာရပ်ကို ကွမ်းခြံကုန်းမြို့နယ် ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးတို့မှ သင်ကြားပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းသို့ခရိုင်အတွင်းရှိ ခရိုင်ရုံး၊ မြို့နယ်ရုံးနှင့် မြို့ရုံးတို့မှ သင်တန်းသား၊ သင်တန်းသူ (၁၈) ဦးတို့အား ဒီဇင်ဘာလ (၂၂) ရက်မှ (၂၄) ရက်နေ့ထိ နည်းပြဆရာများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)