ငါန်းဇွန်မြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ငါန်းဇွန် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ မြို့နယ်အတွင်းရောက်ရှိ နေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာ ပြည်သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ယနေ့နံနက် ၉ နာရီခွဲက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းက အားပေးစကားပြောကြားခဲ့ပြီး လူတစ်ဦးလျှင် တစ်လငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် (ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ) သုံးလစာအတွက် ငွေကျပ် (၆၀၀၀၀) စီအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)