မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ ပြုလုပ်

မြင်းခြံ ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်က မြင်းခြံတက္ကသိုလ်ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်ပေးခဲ့သည်။ ဘော်လီဘော (အမျိုးသား)၊ ပိုက်ကျော် ခြင်း(အမျိုးသား)၊ ဘောလုံး(အမျိုးသား)၊ အပြေးမီတာ-၁၀၀(အမျိုးသမီး)၊ မီတာ-၁၀၀ (အမျိုးသား)၊ မီတာ-၄၀၀ လက်ဆင့်ကမ်း(အမျိုးသမီး)၊ အလျားခုန်(အမျိုးသမီး)၊ အလျားခုန် (အမျိုးသား)၊ သံလုံးပစ် (အမျိုးသား)၊ သံလုံးပစ် (အမျိုးသမီး) စသည့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများက ဆုများ အသီးသီး ပေးအပ်ခဲ့ကြသည်။

မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာပေါင်းစုံ ဘောလုံးပြိုင်ပွဲနှင့် ပြေးခုန်ပစ် အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲသို့ မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)