မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ပြုလုပ်

မြင်းခြံ ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်က မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းခတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယ ပါမောက္ခချုပ် ဆရာမကြီးက ဂုဏ်ပြုမိတ်ဆက်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းရေးရာဌာန မော်ကွန်းထိန်းမှ သင်တန်းရေးရာ အချက်အလက်များ ရှင်းလင်းပြောကြားခဲ့ကာ ပထဝီဝင်ဌာနမှ ပါမောက္ခဌာနမှူး ဆရာမက ဝိဇ္ဇာဘာသာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ သင်္ချာဌာနမှ ပါမောက္ခဌာနမှူး ဆရာမက သိပ္ပံဘာသာရပ် ဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)