နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်လစာထုတ်ပေး

ကိုကိုးကျွန်း ဒီဇင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့ နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကိုကိုးကျွန်းမြို့နယ်အတွင်း၌ ပင်စင်လစာထုတ်ယူသူအငြိမ်းစားဝန်ထမ်း (၂၀) ဦးခန့်ရှိရာ ယနေ့တွင် နိုင်ငံ့ဝန်ထမ်းပင်စင်လစာ (၁၈) ဦးခန့်အား ဘဏ်လုပ်ငန်းရုံးချိန်အတွင်း ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာများအား တစ်ပတ်တိတိထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

အငြိမ်းစားပင်စင်လစာများကို မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား လစဉ် (၂၁) ရက် နေ့မှစ၍ တစ်ပတ်တိတိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)