ပင်လုံ ဒီဇင်ဘာ ၂၃
ပင်လုံမြို့ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့မှစတင်ပြီး ကြိုတင်ဆန္ဒမဲပေးကြကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်မှ ၂၇ ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ကြေညာထားပြီးဖြစ်ရာ ပင်လုံမြို့ရှိ မြိုအဆင့်ဌာနဆိုင်ရာမဲရုံတာဝန်ကျဝန်ထမ်းများ၊ မဲရုံတာဝန်ကျပညာရေးဝန်ထမ်းများ၊ မဲရုံစောင့်များနှင့် နယ်မြေလုံခြုံရေးတာဝန်ကျသူများက သက်ဆိုင်ရာမဲဆန္ဒအလိုက်ဝင်ရောက်ယှဥ်ပြိုင်သည့် နိုင်ငံရေးပါတီများမှ မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများကို ကြိုတင်ဆန္ဒမဲပေးကြကြောင်း သိရသည်။
ထိုသို့ကြိုတင်မဲများ လာရောက်မဲပေးရာတွင် မြို့နယ်ကော်ရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)