(၃၃)ကြိမ်မြောက် ထိုင်းနိုင်ငံတွင်ကျင်းပသော SEA GAME(ဆီးဂိမ်း) အားကစားပြိုင်ပွဲ တိုက်ကွမ်ဒိုအမျိုးသမီး (၆၇)ကီလိုတန်း နိုင်ငံဂုဏ်ဆောင် မြန်မာ့လက်ရွေးစင်အားကစားသမား ငွေတံဆိပ်(ဒုတိယ)ဆုရရှိသူအား ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ်အား ပင်းတယမြို့နယ်တွင် ကျင်းပ

ပင်းတယ ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၃၃)ကြိမ်မြောက် ၁၁-၁၂-၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံတွင်ကျင်းပသော SEA GAME (ဆီးဂိမ်း) အားကစားပြိုင်ပွဲ တိုက်ကွမ်ဒိုအမျိုးသမီး (၆၇)ကီလိုတန်းတွင် မြန်မာနိုင်ငံကိုယ်စားဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံဂုဏ်ဆောင်မြန်မာ့လက်ရွေးစင်အားကစားသမား ငွေတံဆိပ်(ဒုတိယ)ဆုရရှိသူအား ဂုဏ်ပြုကြိုဆိုခြင်း အထိမ်းအမှတ်အား ယနေ့နံနက် ၁၀ နာရီအချိန်က ပင်းတယမြို့နယ် ဓမ္မာရုံရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသား/သူများက စုပေါင်းကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်းနှင့် (၃၃)ကြိမ်မြောက် ထိုင်းနိုင်ငံတွင် ကျင်းပသော SEA GAME (ဆီးဂိမ်း) အားကစားပြိုင်ပွဲ တိုက်ကွမ်ဒိုအမျိုးသမီး (၆၇) ကီလိုတန်း  နိုင်ငံဂုဏ်ဆောင်မြန်မာ့လက်ရွေးစင်အားကစားသမား ငွေတံဆိပ်(ဒုတိယ)ရရှိခဲ့သူ မကေသွယ်မွန်လင်းမှာ အသက်(၂၀) နှစ်ရှိပြီး၊ ပင်းတယမြို့နယ်၊ ထယ်သွန်ကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာမှ အဘဦးသန်းဝင်း၊ အမေဒေါ်ခင်စိမ်းတို့၏ သမီးဖြစ်ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)