အင်းစိန်မြို့နယ်ရှိ စာသင်ကျောင်းများတွင် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

အင်းစိန်  ဒီဇင်ဘာ ၂၂

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် စာသင်ကျောင်းများ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦး​​ကျော်ဇင်လတ် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက်ရှိ စာသင်ကျောင်းများ၊ စာသင်ခန်းများနှင့် ကျောင်းဝန်းအတွင်း မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်‌ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဘူးများ တပ်ဆင်ထားရှိမှု‌အ‌ခြေအနေများ စစ်ဆေးခဲ့ပြီး အရေးပေါ်မီးဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့ပါက စနစ်တကျ မီးငြှိမ်းသတ်ရမည့် နည်းလမ်းများအား အသိပညာပေးရှင်းလင်း၍ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ‌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)