မိုင်းပျဉ်း ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး မဲစာရင်းစိစစ်ခြင်းကို ယနေ့နံနက်(၉)နာရီမှစတင်၍ မြို့နယ်ကော်မရှင်ရုံးတွင် ဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှုနှင့် ကန့်ကွက်မှုများအား စိစစ်ပြင်ဆင်ပြီး မဲစာရင်းများကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ (၁၅-၁၁-၂၀၂၅) ရက်နေ့မှ (၂၈-၁၁-၂၀၂၅) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုများတွင် (ဒုတိယ)အကြိမ် ကပ်ထားကြေညာခဲ့ပြီး၊ (တတိယ)အကြိမ်အဖြစ် မဲစာရင်းများကို ကြေညာခြင်းမပြုမီ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများနှင့် မြို့နယ်ရှိနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး စိစစ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ မိုင်းပျဥ်းမြို့နယ်ရှိ မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းစိစစ်မှုများကို ၂၂-၁၂-၂၀၂၅ ရက်နေ့ နံနက်ပိုင်းနှင့် ညနေပိုင်း အချိန်ခွဲခြား၍ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် မြို့နယ်ကော်မရှင်ရုံးတွင် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)