လဲချားမြို့၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စားအငြိမ်းစားမိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

လဲချား ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်ရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်း အငြိမ်းစားမိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယနေ့နံနက် (၈)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးနန်းတင့်၏ လမ်းညွှန်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဇင်မောင်နွယ်ဉီးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့်အတူ နိုင်ငံဝန်ထမ်း(အငြိမ်းစား) ပင်စင်စားမိဘပြည်သူများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချိုတိုင်းတာစစ်ဆေးပေးခြင်းနှင့်အတူ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

(အငြိမ်းစား)ပင်စင်စား မိဘများအနေဖြင့် မိမိတို့အဆင်ပြေသည့်နေ့တွင် နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ လစဉ် ၂၁ ရက်နေ့မှ နောက်လ ၂၀ ရက်နေ့အထိ လာရောက်ထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရှိရသည်။ 

မြို့နယ်(ပြန်/ဆက်)