ဇမ္ဗူသီရိမြို့နယ် မီးသတ်စခန်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းနှင့် မီးသတ်ဆေးဘူးလက်တွေ့သရုပ်ပြ ငြှိမ်းသတ်

ဇမ္ဗူသီရိ  ဒီဇင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မီးသတ်စခန်း၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းနှင့် ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ခြင်းနည်းစနစ်များသင်ကြားခြင်းနှင့် လက်တွေ့သရုပ်ပြ ငြှိမ်းသတ်ခြင်းများ‌ကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တိုသို့ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများထောက်ပံ့ပေးအပ်ခြင်းနှင့် မီးသတ်ဆေးဘူးလက်တွေ့သရုပ်ပြငြှိမ်းသတ်ခြင်း အခမ်းအနားသို့ မြို့နယ်မီးဘေးလုံခြုံရေးဥက္ကဋ္ဌ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးဇေနော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ်မီးသတ်ဦးစီးမှူး ဦးရာဇာမင်းမြတ်က ရွေးကောက်ပွဲကျင်းပပြုလုပ်မည့် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မီးငြှိမ်းသတ်ခြင်းနည်းစနစ်များ သင်ကြားခြင်းနှင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်ခြင်းများ‌ကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တပ်ဖွဲ့ဝင်များက စိတ်ဝင်တစားလိုက်ပါဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)