ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

တောင်ကြီး  ဒီဇင်ဘာ  ၂၀

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ် ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထု အားကစားလစုပေါင်းလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၅ နာရီ ၄၅ မိနစ်က ကမ္ဘောဇဘဏ်ရှေ့တွင် စုရပ်ထား၍ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီပညာရေကောလိပ်၊ သိပ္ပံကျောင်းနှင့်အခြေခံပညာကျောင်းများမှကျောင်း သား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ တောင်ကြီးမြို့ပေါ်ရပ်ကွက်နေပြည်သူများ စုစုပေါင်း ၃၁၀၀ ဦးခန့်သည်စုရပ်ဖြစ်သော ကမ္ဘောဇဘဏ်ရှေ့မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ ဂနိုင်ကန်လမ်း၊ဂနိုင်ကန်လမ်းမှရုံကြီး လမ်းအတိုင်းပြည်နယ် အားကစားကွင်းအတွင်းသို့ပျော်ရွှင်စွာစုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ပြည်နယ်အားကစားကွင်း အတွင်း၌အကြောလျှော့ လေ့ကျင့်ခန်းများ စုပေါင်းဆောင်ရွက်၍ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအစီအစဉ်အတွဲအမှတ် (၁)နှင့်အမှတ်(၂)တို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ယှဉ်နွှဲကြသူများအား ကံစမ်မဲများဖောက်ခဲ့ရာ တွင်ဆုများကို စက်ဘီးတစ်စီး၊ ဖုန်းတစ်လုံး၊ မီးဖိုးတစ်လုံးနှင့် အားကစားပစ္စည်းများ ဖောက်ပေး ခဲ့ကြပြီးအားကစားပြိုင်ပွဲတို့ကို ထည့်သွင်းကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အားကစားပြိုင်ပွဲ များအား ကြည့်ရှုအားပေးပြီး ပြိုင်ပွဲအမျိုးအစားအလိုက် (ပထမ၊ ဒုတိယ၊ တတိယ) ဆုရရှိသူများ အား ဆုများပေးအပ်ချီးမြှင့်သည်။

စိုင်းသန်းကျော်(တောင်ကြီး)