တံတားဦး နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ တတိယအကြိမ် မဲစာရင်းကပ် ထားရာတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေး စိစစ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက တံတားဦးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ကြကြောင်းသိရသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများ၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် သက်ဆိုင်ရာပါတီများမှကိုယ်စား လှယ်လောင်းများ၊ ရပ်ကွက်၊ ကျေးရွာများမှ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ တက်ရောက်ကြသည်။ ရပ်ကွက်၊ ကျေးရွာများမှ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၏ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးဆောင်ရွက်ရာတွင် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီ ဥက္ကဌဦးအောင်ချမ်းငြိမ်းကတ တိယအကြိမ်အဖြစ် မဲစာရင်းများမကြေညာခင် ကာလအတွင်း မဲစာရင်းများ မှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင်ပါရှိရေး၊ သေဆုံး၊ ခရီးလွန်၊ မြေပြင်မရှိ၊ ထောင်ကျ၊ သာသနာဝင်များမပါဝင်ရေးတို့ကို အလေးထားဆောင်ရွက်ရန် အရေးကြီးကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။
ရဲတင့်(ပြန်/ဆက်)