မော်လမြိုင် ဒီဇင်ဘာ ၂၀
မော်လမြိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လုံခြုံမှုရှိစေရေးနှင့် အကြမ်းဖက်မှုအန္တရာယ်များမဖြစ်ပွားစေရေးအတွက် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များသို့ စားသောက်ကုန်ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကိုယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်က အမှာစကားပြောကြားပြီး ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပေါ် လုံခြုံရေးတာဝန်) ၅၀ ဦးအား တစ်ဦးလျှင် သက်သာချောင်ချိငွေ၊ ဆီ ၅၀ ကျပ်သား တစ်ဘူးနှင့် ကြက်သွန်နီ နှစ်ပိဿာတို့ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကာ်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြကာ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်