မိတ္ထီလာ ဒီဇင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်များ အသုံးပြုနည်း မွမ်းမံသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ တာဝန်ကျရာမဲရုံသို့ သွားရောက်ရမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာမြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်တင်မိုးလတ်က ရွေးကောက်ပွဲကာလတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များ လက်တွေ့ကိုင်တွယ်အသုံးပြုရာတွင် အမှားအယွင်းမဖြစ်ပေါ်စေရေး ပြန်လည်ဆွေးနွေးပို့ချခဲ့သည်။
ယင်းနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုသည့် မဲရုံအတွက် ခင်းကျင်းပြသမှုအား မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု့ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)