ချောင်းဆုံမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ကိုင်တွယ်နည်း ဆင့်ပွားသင်တန်း ဖွင့်လှစ်

ချောင်းဆုံ ဒီဇင်ဘာ ၁၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်းအဖွဲ့ခွဲမှ ဖွင့်လှစ်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်နည်း ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၉) နာရီက ကျွန်းသာယာခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်နည်း ဆင့်ပွားသင်တန်းကို နည်းပြ (၅) ဦးတို့မှ မဲရုံအတွင်း၌ တာဝန်ထမ်းဆောင်ကြမည့်  သင်တန်းသား၊ သင်တန်းသူ (၅၃၂) ဦးတို့အား မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက် ကိုင်တွယ်မည့်သူများ စနစ်တကျ ကိုင်တွယ်နိုင်ရေးအတွက် ဒီဇင်ဘာ (၁၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ (၂) ရက်ကြား ပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း၌ မဲရုံပေါင်း (၇၃)ရုံး နှင့် ဒုတိယအကြိမ် ကပ်ထားကြေညာသည့် မဲပေးပိုင်ခွင့်ရှိသူ (၁၁၆၁၅၅) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

ကိုကျော်(ချောင်းဆုံ)