မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တွင် တက်ရောက်နေသော သင်တန်းသားသင်တန်းသူများ၏ အထူးနေ့လယ်စာစားပွဲ တက်ရောက်

မန္တလေး ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)တွင် တက်ရောက်နေသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ သင်တန်းသားသင်တန်းသူများ နှင့် B.Sc Sport အားကစားပညာဘာသာရပ် သင်ကြားနေသော ကျောင်းသား ကျောင်းသူများ၏  အထူးနေ့လယ်စာ စားပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ရှိ စားရိပ်သာတွင် ကျင်းပသည်။

အခမ်းအနားသို့တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အတွင်းရေးမှူး၊ အားကစားနှင့်ကာယာပညာသိပ္ပံ(မန္တလေး)မှကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ၊ အုပ်ချုပ်သူ/နည်းပြများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

အဆိုပါအထူးနေ့လယ်စာစားပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ သင်တန်းသားသင်တန်းသူ ၁၈၀ နှင့် B.Sc Sport အားကစားပညာဘာသာရပ်များကို သင်ကြားနေသော ကျောင်းသားကျောင်းသူ ၇၅ ဦး၊ အုပ်ချုပ်သူ/နည်းပြများနှင့် နေ့လယ်စာကို အတူတကွသုံးဆောင်ကြပြီး သင်တန်းသားသင်တန်းသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)