မြစ်သားမြို့နယ် ရွှေကြာအင်းကျေးရွာ၌ စိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်း

မြစ်သား ဒီဇင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်ခရိုင်  မြစ်သားမြို့နယ်တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေးလုပ်ငန်းအပြင်တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိသည့် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက် သီးပင်စားပင်များကို ရွှေကြာအင်းကျေးရွာ၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

  ဒေသခံတောင်သူများအနေဖြင့် နေ့စဥ်ဝယ်ယူစားသုံးကြသော  ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ခရမ်းသီးမျိုးစုံ၊ ပဲမျိုးစုံ၊ မုန်ညင်း၊ ဆလပ်၊ ငရုတ်သီး၊ ဥဖြူ၊ ဥနီ၊ ပန်းမုန်လာ၊ နံနံပင်၊ ဘူးပင် စသည့်ဟင်းသီးဟင်းရွက်များကိုစိုက်ပျိုးကြသည်။ လိုအပ်သည့်အချိန်တွင် ပိုးနှင်ဆေး၊ ပိုးသတ်ဆေးများဖျန်းပေးရကြောင်းနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ မြေသြဇာကျွေးခြင်းများပြုလုပ်ပေးရ‌ကြောင်းသိရသည်။

ထွက်ရှိလာ‌သီးနှံများကို ဖောက်သည်များမှခြံများ အထိလာရောက်ခူးယူပြီး မြစ်သားမြို့ စျေးများတွင် ရောင်းချခြင်းဖြင့် ဝင်ငွေရရှိကြကြောင်း သိရသည်။ ထို့ကြောင့် စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများပြားကြောင်း ရွှေကြာအင်းကျေးရွာနေ တောင်သူ ဦးဝင်းမြင့်ထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)