မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၉
ရန်ကုန်းတိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ်အသုံးပြုမည့် စာသင်ကျောင်းများနှင့်အဆောက်အအုံများ မီးဘေးလုံခြုံရေးအတွက် မီးဘေးအသိပညာပေးခြင်းနှင့် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက တာ၀န်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ခရိုင်မီးသတ်ဦးစီးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးဦးဆောင်၍ မီးသတ်တပ်ဖွဲ့၀င်များက မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အအုံများဖြစ်သော မြို့နယ်အတွင်းရှိ အမှတ် ၁ ရပ်ကွက်၊ ခ ရပ်ကွက်၊ ဂ ရပ်ကွက်၊ ပုရွက်ဆိပ်ကုန်းရပ်ကွက်၊ တံတားကြီးရပ်ကွက်၊ ကျောက်ရေတွင်းရပ်ကွက်တို့တွင် မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မဲရုံများတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဘူးနှင့် မီးဘေးကာကွယ်ရေးနှင့်ပတ်သတ်သော ပစ္စည်းကိရိယာများ ထားသိုမှုအခြေအနေများ၊ လျှပ်စစ်မီးကြိုးသွယ်တန်းသုံးစွဲမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူ၊ အဖွဲ့၀င်များဖြစ်သော ဗိုလ်မှူးဖြိုးဝေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဦးမျိုးအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစံတင်ဦးနှင့်သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်ကျေးကော်မရှင်များ၊ ကျောင်းအုပ်ဆရာမများနှင့်အတူ လိုက်ပါကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား မှာကြားခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)