မရမ်းကုန်း ဒီဇင်ဘာ ၁၉
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မရမ်းကုန်းခရိုင် ပညာရေးမှုးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မဲရုံလုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် ကြိုတင်မဲဆိုင်ရာကိစ္စရပ်များအကြောင်း၊ ရွေးကောက်ပွဲအကြိုကာလ လုပ်ငန်းဆိုင်ရာများ၊ လုံခြုံရေးဆိုင်ရာများကို အကျယ်တဝင့်ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်အဆင့်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များက ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများကိုလည်းကောင်း၊ မြို့နယ်နှင့်ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ခိုင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မရမ်းကုန်းခရိုင် စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မရမ်းကုန်း/လှိုင်/မြောက်ဥက္ကလာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်/ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)