နေပြည်တော် ဒီဇင်ဘာ ၁၉
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဒီဇင်ဘာ ၁၈ ရက်မှစ၍ ကြိုတင်ဆန္ဒမဲပေးခြင်းများ စတင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လာရောက်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်သည် လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် အမှတ် (၃) ရပ်ကွက်၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့်ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးနေမှုအား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ အမှတ် (၄) ရပ်ကွက်၊ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးတွင် ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)