နေပြည်တော် ဒီဇင်ဘာ ၁၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာရှိ ကွင်းအမှတ် (၁၆၂၃ (က))ရှိ တောင်သူဦးဌေးအောင်၏ ဆောင်းသီးနှံ နေကြာငါးဧက စိုက်ပျိုးထားရှိမှုအခြေအနေနှင့်သီးနှံများစိုက်ပျိုးရေလုံလောက်စွာ ရရှိရေး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်ထားရှိသည့် အနိမ့်တင် ဆိုလာရေတင်စနစ် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ ကြည့်ရှုစစ်ဆေးပြီး သီးနှံများရာသီပြည့်စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုး၊ မြေ၊ ရေ၊ နည်း စိုက်စနည်းစနစ်မှန်ကန်စေရေးနှင့် သဘာဝမြေဩဇာကို နည်းစနစ်အတိုင်းအပြည့်အဝဖြည့်တင်းပေးရေးတို့ကို မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ငလျင်ဘေးကြောင့်ထိခိုက်ပျက်စီးခဲ့သည့် နေပြည်တော်၊ ဇမ္ဗူသိရိမြို့နယ်၊ ပညာ့သိဒ္ဓိရပ်ကွက်ရှိ ခရေအိမ်ရာအဆောက်အဦအမှတ် ၁၂၅ နှင့် ဉာဏသိဒ္ဓိရပ်ကွက်ရှိ အဆောက်အဦအမှတ် ၃၃၀၉ တို့ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည် တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်းအား တိုးမြှင့်ပြီး လုပ်ငန်းများ အပိုင်းလိုက်အမြန်ပြီးစီးအောင် အင်တိုက်အားတိုက် ဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဘောလီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဇမ္ဗူသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်၍ ပထမဆုရရှိခဲ့သည့် ကျန်စစ်သားအသင်းအား တံခွန်စိုက်ဖလားနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ဒုတိယနှင့် တတိယဆုရရှိသည့်အသင်းများအား ဆုတံဆိပ်ဆွဲပြားနှင့် ဂုဏ်ပြုဆုငွေ၊ ပထမဆုရရှိသည့်အသင်းအား ဆုတံဆိပ်ဆွဲပြားကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)