ဇမ္ဗူသီရိမြို့နယ်၌ TB Mobile Team အဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်

ဇမ္ဗူသီရိ ဒီဇင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက် ကျေးလက်ကျန်းမာရေး ဌာနခွဲတွင် ယနေ့နံနက်ပိုင်းက TB Mobile Team အဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာနေရာသို့ ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့ကျန်းမာရေးစီးဦးဌာန ဦးစီးမှူး ဒေါက်တာ လင်းပြည်သိမ်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်း(၂၀)ဦးခန့်သည် TB Mobile Team အဖွဲ့နှင့်အတူ တီဘီရောဂါရှာဖွေရေးဓာတ်ခွဲခန်းပါရှိသည့် တီဘီရောဂါ ကွင်းဆင်းရှာဖွေကုသရေးအထူးယာဉ်ဖြင့် ပြည်သူများအား တီဘီရောဂါရှာဖွေကုသခြင်း လုပ်ငန်းအား ဆောင်ရွက်ပေးကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နီလာ(ပြန်/ဆက်)