မရမ်းကုန်းမြို့နယ်တွင် STOP COVID အဝါရောင် Mask Campaign လှုပ်ရှားမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်

မရမ်းကုန်း ဇန်နဝါရီ ၂

ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့် အညီ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ် () ရပ်ကွက်၌ ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်က STOP COVID အဝါရောင် Mask Campaign လှုပ်ရှားမှု ကိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခဲ့သည်။

အဝါရောင် Mask Campaign ကို လူစည်ကားရာနေရာများ၊ ကားမှတ်တိုင်ရှိပြည်သူများ၊ မော်တော်ယာဉ်များ ပေါ်ရှိခရီးသွား ပြည်သူများ ၊ကျိုက်ဝိုင်းစျေးအတွင်းရှိစျေးရောင်းသူ၊ စျေးဝယ်သူများနှင့် ရပ်ကွက်အတွင်းရှိ ပြည်သူများသို့ Maskများအခမဲ့ပေးဝေခြင်းနှင့် Mask တပ်ပါ၊ လက်ဆေးပါ၊ ခပ်ခွာခွာနေပါစသည့် အသိပညာ ပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ အဝါရောင် Mask Campaign ဆောင်ရွက်မှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ၊မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ် အမျိုးသမီးရေးရာနှင့်  ရွှေရောင်သမိုင်းပရဟိတ အသင်းတို့ပူးပေါင်းပြီး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အေးအေးအောင် (ပြန်/ဆက်)