ကော့မှူး ဒီဇင်ဘာ ၁၈
၂၀၂၅-၂၀၂၆ ခုနှစ်နွေစပါးစံပြကွက်အား Seeder ဖြင့် စိုက်ပျိုးခြင်း၊ နွေစပါးမျိုးစေ့၊ မျိုးစေ့ချကိရိယာ Drum Seeder အနိမ့်တင်ဆိုလာ (၂) ချပ်တွဲရေတင်စက်နှင့် ဓာတ်မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် မကျီးတန်းရပ်ကွက် တောင်သူနည်းပညာပေးစခန်း၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်က တွံတေးခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန ခေတ္တတိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်၊ တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတင်မောင်ကြည်တို့က နွေစပါးစိုက်ပျိုးမှုများနှင့် မျိုးစေ့ချကိရိယာ Drum Seeder ဖြင့်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ပြောကြားခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက လမ်းညွှန်အမှာစကားပြောကြားခဲ့ပြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက နွေစပါးမျိုးစေ့၊ မျိုးစေ့ချကိရိယာ Drum Seeder ၊အနိမ့်တင်ဆိုလာ (၂) ချပ်တွဲရေတင်စက်နှင့် ဓာတ်မြေဩဇာများအား တာဝန်ရှိသူများနှင့် တောင်သူများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ခုနှစ် မျိုးစေ့ချကိရိယာ Drum Seeder ဖြင့်နွေစပါးစံပြကွက်စိုက်ပျိုးနေမှုများအား ကြည့်ရှုပြီး ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့် စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်၊ အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ စီစစ်မေးမြန်နေမှုများအား လိုက်လံကြည့်ရှုကြကြောင်း သိရသည်။
ကျော်သူရ