ဒဂုံမြို့နယ်တွင် ဒီဇင်ဘာအားကစားလ ဒုတိယအပတ်လှုပ်ရှားမှု အားကစားပြိုင်ပွဲများ ကျင်းပ

ဒဂုံ ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ဒီဇင်ဘာအားကစားလ ဒုတိယအပတ်လှုပ်ရှားမှု အားကစားပြိုင်ပွဲများကို ကျင်းပခဲ့ကြောင်း သိရှိရသည်။

ဒဂုံမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဒီဇင်ဘာအားကစားလ၏ ဒုတိယအပတ်လှုပ်ရှားမှုအဖြစ် အားကစားပြိုင်ပွဲများကျင်းပခဲ့ရာ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ အာလူးကောက်၊ ပူစီပေါင်းဖောက်၊ ကင်းခြေထောက်ပြေး၊ အိပ်စွပ်ပြေး၊ မီတာ ၁၀၀ (ကျား)၊ မီတာ ၅၀ (မ)၊ အပ်ချည်ထိုး၊ ပိုက်ကျော်ခြင်း၊ ကြက်ခွပ်၊ ဖားခုန် ပြိုင်ပွဲများကို ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာဆင်နွဲ့ခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာ အားကစားလ၏ ပထမအပတ်လှုပ်ရှားမှုအဖြစ် အားကစားပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များ၊ အခြေခံပညာကျောင်းများ၌ ကျင်းပခဲ့ပြီးဖြစ်ကြောင်းနှင့် ထူချွန်ဆုရရှိသူများအား ဒဂုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကျော်သူဟိန်း (ပြန်/ဆက်)