ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ အရှိန်အဟုန်မြှင့် Mask Campaign ပညာပေး လုပ်ငန်များ ဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွါးမှုလျော့နည်း စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီက ဦးဆောင်၍ မဖြစ်မနေ လမ်းထွက် သွားလာနေကြသူများကို နှာခေါင်းစည်း တပ်ဆင်ရေး၊ မြို့နယ်အတွင်းရှိ လူစည်ကား ရာနေရာများ၊ ဈေးများနှင့် ဘတ်စ်ကား မှတ်တိုင်များတွင် လူစုလူဝေးများ မဖြစ်စေရေး လိုက်လံနှိုးဆော်ခြင်း၊ Mask များအခမဲ့ လိုက်လံဖြန့်ဝေ တပ်ဆင်ပေးခြင်းကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထား သောစည်းကမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာစေရေးအတွက် အသံချဲ့စက်များဖြင့် လိုက်လံကြေငြာခြင်း၊ ဒေသန္တရအမိန့်ထုတ်ပြန်ချက်များ ကြေငြာပေးခြင်း အစရှိသည့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်နိုင်‌ရေးလုပ်ငန်း Campaign များ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီက လိုက်လံနိုးဆော် အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး Mask campaign ဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်နှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်ဗိုလ်နှင့် စည်ပင်သာယာရေး ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဗဟန်းမြို့နယ် အတွင်းရှိ ရပ်ကွက်များမှ မိဘပြည်သူများထံ Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး Mask တပ်ဆင် အသုံးပြု နည်းများကို လည်း ထပ်မံအသိပေး လက်တွေ့ပြသ ကျယ်ကျယ်ပြန့်ပြန့် အသိပေး ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)