ကျောက်ဆည်မြို့နယ်၌ ဆောင်းနေကြာ ၁၂၅၄ ဧက စိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် နေရာဒေသအလိုက် ဆောင်းနေကြာသီးနှံများ စိုက်ပျိုးလျက်ရှိရာ ဇန်နဝါရီလကုန်အထိ ၁၂၅၄ ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ဆောင်းနေကြာသီးနှံများကို တိုက်နယ်(၁)မှ ကျေးရွာအုပ်စု(၇)အုပ်စု၌ ၂၇၄ ဧက၊ တိုက်နယ်(၄)မှ ကျေးရွာအုပ်စု(၈)အုပ်စု၌ ၂၇၃ ဧက၊ တိုက်နယ်(၇) မှကျေးရွာအုပ်စု(၁၀)အုပ်စု၌ ၅၄ ဧက၊ တိုက်နယ်(၈)မှ ကျေးရွာအုပ်စု (၈) အုပ်စု၌ ၅၅၅ ဧက၊ တိုက်နယ် (၁၂)မှ ကျေးရွာအုပ်စု(၇)အုပ်စု၌ ၉၈ ဧက  စုစုပေါင်း ၁၂၅၄ ဧကဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ လျာထားဆောင်းနေကြာသီးနှံများ ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး၊ အောင်မြင်ဖြစ်ထွန်းရေး တောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပြီး စိုက်နည်းစနစ်များ၊ အပင်ပြုစုခြင်းများ၊ ပိုးမွှားနှိမ်းနင်းခြင်းများ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

သက်မောင်(ကျောက်ဆည်)