လဲချားမြို့နယ်တွင် ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနိုင်ရေးလုပ်ငန်းများ ဆွေးနွေးဆောင်ရွက်

လဲချား ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ယနေ့နံနက်(၁၁)နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ၂၀၂၆ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေးနှင့် ကြိုတင်မဲကိစ္စအရပ်ရပ်များနှင့်ပတ်သက်သည့်လုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးနန်းတင့်က ၂၀၂၆ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာကိစ္စအရပ်ရပ်များအားလည်းကောင်း၊ မြို့နယ်ရဲမှူးမှ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် မဲပေးစက်များအချိန်မီရောက်ရှိရေး၊ လုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ

အိမ်ထောင်စုလူဦးရေပြောင်းဝင်ပြောင်းထွက်များရှိပါအချိန်မီ အကြောင်းကြားနိုင်ရေး၊ မြို့နယ်ကော်မရှင်ဦးစီးအရာရှိမှ မံရုံမှူး/ဒုမဲရုံမှူး သက်တန်းဖွင့်လှစ်မည့်ကိစ္စရပ်များနှင့် ရွေးကောက်ပွဲဆိုင်ရာကိစ္စအရပ်ရပ်များကိုလည်းကောင်း ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ရွေးကောက်ပွဲအတွက် တာဝန်ကျရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)