တောင်သာမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

တောင်သာ ဒီဇင်ဘာလ  ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာလ ၁၇ ရက် နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်သာမြို့နယ် ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ နန္ဒာမိုးကြယ်၏ ဘာလို့မဖြစ်နိုင်ရမှာတဲ့လဲ စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်း ရရှိစေရန် စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အား အထူးကျေးဇူးတင်ရှိပါကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းတွင် စာပေမြတ်နိုးသူများအဖွဲ့ (Book Club) အဖွဲ့ဝင်များမှ စာရေးဆရာ နန္ဒာမိုးကြယ်၏  ဘာလို့မဖြစ်နိုင်ရမှာတဲ့လဲ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ရာ  အမြင့်ဆုံး ရောက်အောင် ကြံဆပါခေါင်းစဉ်မှ ငှက်တို့မည်သည် ပျံရင်းသေကြပြီး၊ လူတို့မည်သည် ကြံရင်းသေကြသည်ဟု ဆိုကြ၏။ ကြံသည်ဟူရာ၌ ကောင်းမြတ်သော ကြံဆခြင်း၊ လက်ရှိဘဝအနေမှ အမြင့်ဆုံးရောက်အောင်၊ မိမိရည်မှန်ထားရှိရာအဆင့်သို့ ရောက်ရှိအောင်ကြံဆခြင်း၊ ကြံဆပြီးသည်၌ အောင်မြင်ပေါက်ရောက်အောင် အားထုတ်ခြင်းပဲဖြစ်သည်။ အချိန်နှင့်တည်ဆောက် ရသောအောင်မြင်မှုခေါင်းစဉ်မှ အောင်မြင်မှုတိုင်း၌ အဓိကပတ်သက်နေသောအရာမှာ အချိန်ဖြစ်၏ အောင်မြင်မှုအတွက် အချိန်ကို ပေးဆပ်ရ၏၊ ရင်းနှီးမြှပ်နှံရ၏၊ အောင်မြင်လိုသူတိုင်း အချိန်ကို တန်ဖိုးသိသိ အကျိုးရှိရှိ အသုံးချရ၏။ တန်ဖိုးရှိသည့် အလုပ်များခေါင်းစဉ်မှ အရည်အသွေး တိုးတတ်လိုသူတိုင်းအတွက် အလိုအပ်ဆုံးသောအရာမှာ အလုပ်လုပ်ခြင်းပင် ဖြစ်၏၊ ဤ၌ဆည်းပူးခြင်း၊ လေ့ကျင့်ခြင်းတို့မှာလည်း အလုပ်လုပ်ခြင်း၌ အကျိုးဝင်ပေမည်ဖြစ်ကြောင်း အသီးသီးအပြန် အလှန်ဆွေးနွေးပြောကြားခဲ့ပြီးနောက် ဒို့အတူမဲပေးကြမည် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဒို့အတူတူမဲပေးကြမယ် နံရံကပ်ပြဘုတ်များ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)