မြစ်သားမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ကျန်ရှိသူများအား ဆက်လက်ထိုးနှံ

မြစ်သား ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်းလုပ်ငန်းကို ဒီဇင်ဘာာ (၁၇) ရက်နေ့ နံနက် (၉) နာရီက ကျန်ရှိသူများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ‌နေအောင်စိုး ဦးဆောင်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့မှ ကျန်းမာရေးဆရာမများက အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံခြင်းလုပ်ငန်း၏ ရည်ရွယ်ချက်၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာကို ထိရောက်စွာကာကွယ်နိုင်မှုများ၊ ရောဂါကာကွယ်ခြင်းနှင့်ကုသခြင်းများ၊ ရောဂါနှင့်ပတ်သက်သည့် အချက်အလက်များအကြောင်းစသည်တို့ကို ကျောင်းသူများနှင့်မိဘများအား ဆွေးနွေးရှင်းလင်းပြောကြားပြီး သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV Vaccine) ကို ကျန်ရှိနေသည့် မိန်းကလေး ငယ်စုစုပေါင်း ၆၉ ဦးထိုးနှံပေးခဲ့‌ကြောင်း မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)