ရမည်းသင်းခရိုင်အတွင်း အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းမရရှိသည့်အကြောင်းအရင်းများ စစ်တမ်းကောက်ယူ

ရမည်းသင်း ဒီဇင်ဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ကံဆွယ်ကျေးရွာ၌ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် အဓိကသီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်း၍ ပန်းတိုင်အထွက်နှုန်းမရရှိသည့် အကြောင်းအရင်းများကို ဆန်းစစ်လေ့လာနိုင်ရန်အတွက် စစ်တမ်းကောက်ယူလျှက်ရှိရာ ယနေ့နံနက်တွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး၊ မြို့နယ်ဦးစီးမှူးနှင့် ကြီးကြပ်ရေးအဖွဲ့များ ကြည့်ရှုအားပေးသည်။

စိုက်ပျိုးရေးဦးစီးဌာနမှ ရမည်းသင်းခရိုင်အတွင်းရှိ ကွင်းဝန်ထမ်း ၃၇ ဦးတို့က ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်ရှိ အဓိကသီးနှံစိုက်ပျိုးသည့် တောင်သူ ၃၇၀၀ တို့ထံမှ လေ့လာမှုစစ်တမ်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)