မလှိုင် ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာတောင်သူများအား ဒီဇင်ဘာ ၁၆ ရက်က ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်းအကြောင်း ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမကောင်းရခြင်းအကြောင်း စစ်တမ်းကောက်ယူခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ရုံးတောကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာနှင့် ကျောင်းစုကျေးရွာများရှိတောင်သူ ၃၀၀ ဦးတို့နှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀) မျိုးနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်၊ အထွက်နှုန်းမကောင်းရခြင်း အကြောင်းအရာများ၊ မျိုး၊ မြေ၊ ရေ၊ နည်း(လုပ်အား)နှင့်သက်ဆိုင်သည့် မေးခွန်းများမေးမြန်းရန် သက်ဆိုင်ရာကျေးရွာအုပ်စုအလိုက် တောင်သူတစ်ဉီးချင်းစီအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)