တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ အလှူငွေနှင့် ဆန်ရိက္ခာများလာရောက်လှူဒါန်း

တံတားဦး ဇန်နဝါရီ

ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ အသုံးပြုရန် နှင့် ဆေးရုံတွင် လိုအပ်သော နေရာများတွင် အသုံးပြုနိုင်ရန်အတွက်  တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့  ယနေ့ မွန်းလွဲ(၂)နာရီက အလှူငွေနှင့် ဆန်ရိက္ခာများ လာရောက်လှူဒါန်းကြောင်း သိရသည်။

တံတားဦးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန်အတွက် မန္တလေး အပြည်ပြည် ဆိုင်ရာလေဆိပ် ခရီးသည်ဝန်ဆောင်မှု ဝန်ထမ်းများမှ ဆေးရုံတွင် လိုအပ်သောနေရာ အသုံး ပြုနိုင်ရန်အတွက်  အလှူငွေကျပ်သိန်း() တံတားဦးနယ် ကိုဗစ်စင်တာ ကူညီရေးအဖွဲ့မှ  တံတားဦး မြို့နယ် ဆေးရုံရှိလူနာများနှင့်  တာဝန်ကျဝန်ထမ်းများအတွက် ဆန်(၅၃)ပြည်၊ ဆီ(၅၃)ဘူး၊ ကြက်ဥ (၅၃၀)လုံး ရေသန့် (၅၃)ကဒ်၊ ခေါက်ဆွဲ ခြောက်(၂၇၀) ထုပ်တို့ကို အသီးသီး လာရောက်လှူဒါန်းကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်မြင့်ဦးနှင့် ဝန်ထမ်းများ က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည် ပေးအပ်ကြောင်း သိရသည်။

တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုအပ်သော ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ၊ အလှူငွေများ လာရောက်လှူဒါန်းခြင်းများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ လုပ်ဆောင်ရာတွင် စနစ်တကျအသုံးပြုသွားမည်ဖြစ် ကြောင်း သိရှိရသည်။

ရဲတင့်(တံတားဦး ပြန်/ဆက်)