ရန်ကုန် ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ သဒ္ဓမ္မမဉ္ဇူသီရှင်စာသင်တိုက်နှင့် ပညာသင်ကျောင်း၌ သီလရှင်ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ထိုးနှံခဲ့ကြသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော သီလရှင်ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)