ပုဇွန်တောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလ အထိမ်းအမှတ် သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ပုဇွန်တောင် ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ဒီဇင်ဘာအားကစားလအထိမ်းအမှတ် သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အမှတ်(၁၀)ရပ်ကွက် ၅၂ လမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သုံးယောက်တွဲ (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ဗိုလ်လုပွဲတက်ရောက်မည့်  အ-လ-က(၃)အသင်းနှင့်အ-ထ-က(၄)အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ အားကစားဝါသနာရှင်များမှ ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ဗိုလ်လုပွဲတွင် အ-ထ-က (၄)အသင်းမှ(၃)ပွဲ(၂)ပွဲဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများနှင့်ပြိုင်ပွဲဆုရရှိကြသော အားကစားသမားများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ဟန်စုယဉ်