လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ ရပ်ကွက်​/ကျေးရွာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲပြုလုပ်

လှိုင်သာယာ(အနောက်) ဒီဇင်ဘာ ၁၄

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ရပ်ကွက်/ကျေးရွာများရှိ စာကြည်တိုက်များ ဖွံဖြိုးတိုးတက်ရှင်သန်ရေးအတွက် ဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး (Community Centre) ခန်းမတွင် ပြုလုပ်သည်။

အခမ်းအနားသို့ ပြန်/ဆက် ဦးစီးအရာရှိ ဦးမြင့်ဇော်၊ လှိုင်သာယာ(အနောာက်ပိုင်းမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စာရေးဆရာ စန်းမင်းသိုက်(အရာတော်)၊ မြို့နယ်စာကြည်တိုက်များ ကြီးကြပ်ရေးကော်မတီများ၊ ဖိတ်ကြားထားသည့် စာရေးဆရာများ တက်ရောက်ကြသည်။

ဦးစွာမြို့နယ် စာကြည့်တိုက်များကြီးရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းမင်းသိုက် (အရာတော်)က နိုင်ငံတော်ကပေးအပ်သည့် ရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးထားသည့်စာကြည်တိုက်များ ရှင်သန်စေရေးနှင့် ဆောက်လုပ်ရန်ရာထားသည့် ရပ်ကွက်များအတွက် မိမိတို့အနေဖြင့် ကြိုးစားဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

ဆက်လက်၍ မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိ ဦးမြင့်ဇော်က စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌ ပြောကြားချက်များအပေါ်မူတည်၍ လိုအပ်သည်များကို မိမိတိုဌာနနေဖြင့် လိုအပ်သည်များကို တတ်နိုင်သလောက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသသည်။

ထို့နောက် တက်ရောက်လာကြသည့် စာကြည့်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောက်လုပ်ပြီးစီးထားသည့် စာကြည့်တိုက်များအတွက် သုတ၊ ရသ၊ စာအုပ်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)