ကျိုက်မရော ဒီဇင်ဘာ ၁၄
ကျိုက်မရော မြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများမီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ဒီဇင်ဘာ ၁၂ ရက်နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးတင်သောင်းဦးနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ရှိသူများက မြို့နယ်အခွန်ဦးစီးဌာန၊ စီမံကိန်းဦးစီးဌာန၊ သမဝါယမဦးစီး ဌာနရုံးများသို့ သွားရောက်၍ ဝန်ထမ်းများအား မီးသတ်ဆေးဘူးအသုံးပြုနည်းများ ပြသပေးခြင်း၊ ရုံးပတ်ဝန်းကျင်ကို အမှိုက်များကင်းစင်အောင်ဆောင်ရွက်ထားရန်၊ မီးချိတ်၊ မီးကတ်၊ ရေပုံး၊ သဲပုံးများ၊ ရေကန်များရေဖြည့်ထားရန်နှင့် မီးဘေးလုံခြုံရေးဆိုင်ရာ အကြံပြုချက်များအသိပညာပေးခြင်းတို့ကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)