သာကေတ ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က သာကေတမြို့နယ်အခွန် ဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် သာကေတမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးထွန်းမင်းလတ်က အခွန်ဆိုင်ရာ သိသင့်သိထိုက်သည်များကို ရှင်းလင်းဆွေးနွေးရာ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အခွန်ထမ်း စုစုပေါင်း (၄၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ်(ပြန်/ဆက်)