မြစ်သားမြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မြစ်သား   ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ဦးဆောင်၍ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာအားကစားလ (ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ကျန်းမာသန်စွမ်းသည့်အရင်းအမြစ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဒီဇင်ဘာ ၁၃ ရက်နံနက်(၅)နာရီခွဲအချိန်က လူထုစုပေါင်းလမ်းလျှောက်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါ လူထုအားကစားလ(ဒုတိယပတ်) စုပေါင်းလမ်း လျှောက်ပွဲတွင် မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများ၊ အားကစားဝါသနာပါသူ လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၄၅၀)ဦးခန့်တို့က မြစ်သားမြို့ သံလမ်း ဆုံ (မြို့ဝင်ဆိုင်းဘုတ်)မှ ရေဝန်း-မြင်းခြံကားလမ်းအတိုင်း တောမြောင်းဘောင်အထိ ဆက်လက်ပျော်ပျော်ပါးပါး စုပေါင်းလမ်းလျှောက်ခဲ့ကြရာ ထို့မှတဆင့် မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်းဝင်ရောက်ကာ စုပေါင်းကိုယ်လက် လေ့ကျင့်ခန်းများပြုလုပ်ခဲ့ပြီး စုပေါင်း လမ်းလျှောက်ပွဲသို့ ပါဝင်ဆင်နွှဲကြသူများအား အကြော်၊ ကောက်ညှင်းပေါင်းတို့ဖြင့် ကျွေးမွေး ဧည့်ခံခဲ့ကြကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)