မဲစာရင်းများမှန်ကန်စေရေး ခရိုင်/မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းပြီး door to door  စစ်‌ဆေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကျောက်ဆည် ဒီဇင်ဘာ ၁၂

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်  အသက်၁၈နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေး၊ ဆန္ဒမဲပေးနိုင်ရေးနှင့် မဲစာရင်းများမှန်ကန်စေရေး ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများက ရပ်ကွက်၊ ကျေးရွာများသို့ကွင်းဆင်းပြီး Door To Door စစ်ဆေးခြင်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ထိုသို့ Door To Door ကွင်းဆင်းခြင်းများကို ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင် ကြီးကြပ်မှုဖြင့် ကျောက်ဆည်ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကြီးကြပ်မှုကော်မတီများက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်အတူ ကျောက်ဆည်မြို့ပတ်လမ်း၊ အေးမြကြည်လင်ရပ်ကွက် အမှတ်(၃) အခြေခံပညာကျောင်းရှေ့၊ ကြက်မင်းတွန်ရပ်ကွက်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)